မိုင်းယောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ် စတင်ဆောင်ရွက်

မိုင်းယောင်း မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစတင်၍ မိုင်းယောင်းမြို့ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

 အဆိုပါ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအားလုံးသည် အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးနေခြင်းဖြစ်၍ ကျောင်းအပ်လက်ခံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိပဲ သူငယ်တန်း (KG) မှ ဒွါဒသမတန်း (Grade-12) အထိ ဖတ်စာအုပ်နှင့်ဗလာစာအုပ်၊ စာရေးကိရိယာများ၊ သူငယ်တန်း (KG) မှ ပဉ္စမတန်း (Grade-5) အထိ ကျောင်းဝတ်စုံ တစ်စုံစီအခမဲ့ထုတ်ပေး၍ ဇွန်လ (၁) ရက်နေ့ထိ ကျောင်းအပ်လက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။

ရာဇီ(ပြန်/ဆက်)