မိုးနဲ မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၇ နာရီခွဲ အချိန်ကစင်ကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်စတင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား/သူများအနေဖြင့် အုပ်ထိန်းသူတစ်ဦးဦးကို ခေါ်ဆောင်လာကြရမည်ဖြစ်ပြီး ယနေ့မှစ နေ့စဉ် နံနက် ၇ နာရီခွဲအချိန်မှ စတင်ကာ ညနေ ၃ နာရီခွဲ အချိန်အထိ ကျောင်းအပ်နှံလက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသူ/သားများအနေဖြင့် ကျောင်းစည်းကမ်းများကိုသိရှိရေး ဆရာ/မများက ဗီနိုင်းပိုစတာများဖြင့်ထုတ်ပြန်ထားကြောင်း၊ မိုးနဲမြို့နယ်တွင် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအပါအဝင် စုစုပေါင်း ၄၇ ကျောင်းရှိကြောင်းနှင့် ကျောင်းအပ်နှံသူ အထက်တန်းအဆင့် ကျောင်းသား/သူများအား ဖတ်စာအုပ်များအခမဲ့ပေးခြင်း အငယ်တန်းအဆင့်ကျောင်းသား/သူများအား ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပစ္စည်းများ အခမဲ့ပေးအပ်လျက်ရှိကြောင်းနှင့် ဇွန်လ ၁ ရက်နေ့ထိ ပိတ်ရက်မရှိ အပ်နှံလက်ခံသွားမည်ဖြစ်ကြောင်း ကျောင်းတာဝန်ရှိသူထံမှ သိရသည်။
ဇင်ကိုကို