အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

အလုံ မေ ၂၂

အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို မေလ ၂၀ ရက်နေ့နံနက်ပိုင်းက  ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့၀င်များက ​အမှတ်(၆)၊(၉)၊(၁၁) အခြေခံပညာမူလတန်းကျောင်းများသို့ ကွင်းဆင်း၍ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်​ရေး၊ ပိုး‌လောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး၊ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ် ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့်ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ်(abate)ဆေး ခတ်ခြင်း၊‌ စာသင်ခန်းများဆေးမှုတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်း‌ရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲကိုကို၏ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၃ ​ဒေါ်အေးအေးဌေးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ပြည်သူ့ကျန်းမာရေးဌာန(မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး)၊​မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်တို့ကိုလည်း ဖြန့်ဝေပေခဲ့ကြောင်းသိရသည်။

ယောဧရာ