ကျိုင်းတောင်း မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ အခြေခံပညာစာသင်ကျောင်းများတွင် မေလ(၂၂)ရက်နေ့မှစတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ပညာသင်ကြားပေးနိုင်ရန်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ခံကျောင်းကော်မတီထံမှ သိရသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်းကို မေလ(၂၂) ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းအပ်နှံရာတွင် ကျောင်းသား/ကျောင်းသူဟောင်းများဖြစ်ပါက မိဘအုပ်ထိန်းသူ မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုဇယားမိတ္တူတို့လိုအပ်ပြီး ကျောင်းပြောင်းလာသော ကျောင်းသား/ကျောင်းသူသစ်များဖြစ်ပါက ကျောင်းပြောင်းလက်မှတ်နှင့် ရပ်ကွက်ထောက်ခံစာလိုအပ်ကြောင်း သိရပါသည်။ ကျောင်းပြောင်းလက်မှတ်မရရှိသေးသေား ကျောင်းသား/ ကျောင်းသူသစ်များကို (ယာယီ)အဖြစ် လက်ခံထားပေးမည်းဖြစ်ကြောင်း သိရသည်။
ကိုကို(ပြန်/ဆက်)