ငါန်းဇွန် မေ ၂၂
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက် ၉ နာရီမှ စတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း(၆၄) ကျောင်း၊ နှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း(၆)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၇၀)ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါအခြေခံပညာကျောင်းများ၌ သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် အတန်းပိုင် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)