ပင်းတယမြို့နယ်၊ ကျုံးကျေးရွာတွင် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ပင်းတယ မေ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအား အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအချိန်တွင် ကျုံးကျေးရွာ၌ အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းအား ဧပြီလ ၂၉ ရက်နေ့မှစတင်ဖွင့်လှစ်၍ ကျွမ်းကျင်သော သင်တန်းနည်းပြများဖြင့် သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသူ ၁၁ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများကို စနစ်တကျမှတ်ပုံတင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အသေးစားလုပ်ငန်းရှင်များ၏ စားသောက်ကုန်၊ လူသုံးကုန်နှင့်အလှကုန်ပစ္စည်းများကို စံချိန်စံညွှန်းပြည့်မီစေရေး၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်ခွဲစစ်ဆေးပေးခြင်းနှင့် အသေးစားကုန်ပစ္စည်းများဈေးကွက်ရရှိစေရေးအတွက် ပြပွဲ၊ ဈေးရောင်းပွဲများ ကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)