ဆီဆိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းအပ်နှံမှု စတင်လက်ခံ

ဆီဆိုင် မေ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုစတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင်  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၂)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၈)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၉၄)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (၂)ကျောင်း၊ စုစုပေါင်း (၁၅၀)ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့်နေ့တွင် မူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများကိုလည်းကောင်း၊ အထက်တန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများတို့ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း  မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)