လွိုင်လင် မေ ၂၂
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းစတင်အပ်နှံခြင်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် ကျောင်းအပ်နှံနေကြကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် မေလ ၂၂ ရက် မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။ ထို့အတူ ၅ နှစ်အရွယ် ကလေးများကို KG သို့ အပ်နှံရန်၊ ၆ နှစ်အရွယ် ကလေးများကို ပထမတန်း Grade -1 သို့ အပ်နှံကြရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။ ထို့ပြင် မိဘအုပ်ထိန်းသူကိုယ်တိုင် မိမိတို့၏ သား/သမီးများကို လွိုင်လင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် လာရောက် ကျောင်းအပ်နှံကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)