မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများစတင်

မတ္တရာ မေ ၂

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂-၂၀၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံခြင်း လုပ်ငန်းများကို မေ ၂ရက် နေ့မှ စတင်၍ လက်ခံဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်နှံ​ရေးရက်သတ္တပတ်အဖြစ် မေလ ၂ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ဇွန်လ ရက်နေ့တွင် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်မည်ဖြစ်သည့်အတွက် မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက် ရှိရာ ကျောင်းသား၊ ကျောင်းသူများအား မိဘများမှ လာရောက်အပ်နှံလျက်ရှိသည်။

ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား KG တန်းမှစ၍ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကျောင်းသုံးသင်ရိုး စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)