လဲချား မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများကို လဲချားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တာဝန်ခံကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများမှ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ(၂၂)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ အခမဲ့ထုတ်ဝေပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)