လှည်းကူးမြို့နယ်၌ အသက် (၁)နှစ်မှ (၅)နှစ်အောက် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်

လှည်းကူး မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ အသက် (၁)နှစ်မှ အသက်(၅)နှစ်အောက် ကလေးငယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ရောဂါဘယကင်းရှင်းစေရန် ရည်ရွယ်၍ မွေးအသက်(၅)နှစ်အောက် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံခြင်းကို မေလ ၂၀  ရက်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက် နှင်းဆီလမ်းဓမ္မာရုံ၊ ကြို့ကုန်းကျေးရွာ၊ ဘိုးရင်ကလေးကျေးရွာ၊ ရှမ်းတဲကြီးအထက်ကျေးရွာတို့တွင် တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင်အသက်(၁)နှစ်မှ (၅)နှစ်အောက် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံခြင်းကို လှည်းကူးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လှည်းကူးမြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များကိုလည်း ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မေးခိုင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့်ကိုယ်ဝန် ဆောင်မိခင်များအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများကိုလည်း လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)