ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေး ဒုတိယအကြိမ် တိုက်ကျွေး

ချမ်းမြသာစည် မေ ၂၂ 

မိုးရာသီတွင်အဖြစ်များသော ဝမ်းပျက်ဝမ်းလျှော ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေးများ တိုက်ကျွေးလျက်ရှိရာ မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ သူနာပြုတက္ကသိုလ် (မန္တလေး)တွင် ယမန်နေ့ နံနက်ပိုင်းက ဒုတိယအကြိမ် တိုက်ကျွေးကြကြောင်း သိရသည်။

ထိုသို့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေးများ တိုက်ကျွေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇေယျာထက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဆရာမများနှင့် ဝန်ထမ်းများက သူနာပြုတက္ကသိုလ် (မန္တလေး)ရှိ   သင်တန်းသား/သူ  ၃၃၁ ဦး ဝန်ထမ်း ၄၀ ဦး မိသားစုဝင် ၃၈ ဦး စုစုပေါင်း ၄၀၉ ဦးအား  ဒုတိယအကြိမ် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေး တိုက်ကျွေးပေးကြကြောင်း သိရသည်။

ချမ်းမြေ့