မိုင်းယန်း မေ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ နံနက် ၇ နာရီက မြို့နယ်လွတ်လပ်ရေးကျောက်တိုင်နှင့် အခြေခံပညာအထက်တန်းကျောင်းရှေ့တို့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့မှ ဆိုက်ထူးခဲ့ကြသည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ခံ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများမှ ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ(၂၂)ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ အခမဲ့ထုတ်ဝေပေးခြင်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွန်းထွန်းထူး