မဟာအောင်မြေ မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၈.၃.၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ပြည်သူများရှိသည့် နေရာများသို့ စုရပ်များဖွဲ့၍ နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါနေရာများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်းထမ်းများက မဟာအောင်မြေမြို့နယ် (၁၈)ရပ်ကွက်တွင် ငလျင်ဘေးသင့်သည့် နေရာများသို့ သွားရောက်ပြီး ဆေးပေးခန်းများ ဖွင့်လှစ်ပြီး စုရပ်များဖွဲ့၍ နေ့စဉ် ရပ်ကွက်များထဲတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန် ကလိုရင်းဆေးများ/ ရေသန့်ဆေးပြားများ ခပ်၍ ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်း၊ ထိခိုက်ဒဏ်ရာရသူများ ကုသပေးခြင်း၊ အခြားကျန်းမာရေး စောက်ရှောက်မှုများ ပေးခြင်းလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း