ရန်ကုန် မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မေ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) တွင် ဂျပန်ဦးနှေက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုနှံခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ ဆရာဝန်ကြီးများမှ ဦးဆောင်၍ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှေက်ရေးအဖွဲ့ဥက္ကဋ္ဌ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးနမှူးများ ပူးပေါင်ပါဝင်ဆောင်ရွက်ပေးကြသည်။
အလားတူ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း အသက် ၁ နှစ်မှ ၅ နှစ်အောက် ကလေးငယ်များကို လိုက်လံထိုးနှံပေမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)