မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုး​​ရေးစရိတ်ချေးငွေများ ထုတ်ပေး

အမရပူရ မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ စုပေါင်းရုံးဝန်းအတွင်းရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးခဲ့သည်။

အဆိုပါစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမှုနှင့်ပတ်သက်ပြီး တောင်သူများကို  မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ဒုတိယတိုင်းဒေသကြီး မန်နေဂျာ ဦးအောင်မျိုးသန်း ကချေးငွေနှင့်ပတ်သက်၍ တောင်သူများလိုက်နာရမည့်အချက်များ၊ သိသင့်သိထိုက်သည့်အချက်များနှင့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် တောင်သူများကိုသာ ချေးငွေထုတ်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်မန်နေဂျာ ဒေါ်မာလာသိန်းနှင့်အတူ ကင်းဘတ် ကျေးရွာတောင်သူများအား ၂၀၂၅ မိုးစပါးစိုက်ပျိုးစရိတ်များကို ချေးငွေစည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)