လှိုင် မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညိုထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီဆရာ ချစ်ဝန်းအောင်က ခဲပန်းချီအလင်းအမှောင်၊ ကာလာအလင်းအမှောင်အနိမ့်အမြင့် တုံးအနိမ့်အမြင့်စသည်တို့ကို စာတွေ့/လက်တွေ သင်ကြားပြသပေးခဲ့သည်။
အဆိုပါအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ၂၀-၅-၂၀၂၅ ရက်နေ့မှ ၂၆-၃-၂၀၂၅ ရက်နေ့အထိ နံနက်(၉)နာရီမှ (၁၂)နာရီထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ/သင်တန်းသား စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ထို့နောက် တက်ရောက်လာကြသော သင်တန်းသူ/သင်တန်းသားများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်ပိုစတာများအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
ဇော်ဇော်နိုင် (ပြန်/ဆက်)