ကျောက်ဆည် မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ဒေသတွင်းဆီဖူလုံပိုလျှံရေး တိုက်နယ်(၁၁)ခုတွင် နွေနှမ်း(၄၄၂၀၆)ဧက လျာထားစိုက်ပျိုးထားကြောင်း သိရသည်။
နွေးနှမ်းများစိုက်ပျိုးရာတွင် တိုက်နယ်(၁)တွင် (၆၀၄)ဧက၊ တိုက်နယ်(၂)တွင်(၃၉၇၉)ဧက၊ တိုက်နယ် (၃)တွင်(၄၀၂၈)ဧက၊ တိုက်နယ်(၄)တွင်(၄၃၃၃)ဧက၊ တိုက်နယ်(၅)တွင်(၃၆၃၄)ဧက၊ တိုက်နယ် (၆)တွင် (၂၆၇၇)ဧက၊ တိုက်နယ်(၇)တွင်စိုက်ပျိုးနိုင်ခြင်းမရှိဘဲ တိုက်နယ်(၈)တွင်(၄၆၀၅)ဧက၊ တိုက်နယ်(၉)တွင် (၄၄၈၈)ဧက၊ တိုက်နယ်(၁၀)တွင်(၅၃၉၂)ဧက၊ တိုက်နယ်(၁၁)တွင်(၅၁၅၆)ဧက၊ တိုက်နယ်(၁၂)တွင် (၅၃၁၀) ဧက စုစုပေါင်း(၄၄၂၀၆)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းသီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့်အထွက်နှုန်းကောင်း ဆင်ရတနာ(၄)နှမ်းမျိုးများကို ဘောင်ကြီးတင်စနစ်၊ တန်းဆွဲစနစ်များဖြင့် အဓိကထားစိုက်ပျိုးကြပြီး အောင်မြင်သည့် နှမ်း(၁)ကတွင် အထွက်နှုန်း(၂၅)တင်းထွက်ရှိကြောင်း စင်းကွန်းကျေးရွာမှ နှမ်းစိုက် တောင်သူတစ်ဦးပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)