ပျော်ဘွယ် မေ ၂၁
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲက ပြည်သူ့ဈေး၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ငလျင်ဘေးအန္တရာယ်အတွက် အသိပညာပေးအကြောင်းအရာများဖြစ်သည့် ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ ငလျင်လှုပ်ခတ်နေစဉ်လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရမည့်အချက်များ၊ ငလျင်ပြင်းအားနှင့် ပတ်သက်သည့်အချက်များ စသည်တို့ ပါဝင်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)