မိတ္ထီလာ မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးလျက်ရှိသော ဌာနပိုင် 11/1.4 KV ထရန်စဖော်များဝန်းခြံများ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်အင် ဂျင်နီယာ ဦးရဲလင်းကိုကို ဦးဆောင်သောအဖွဲ့သည် မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးလျက်ရှိသော ဌာနပိုင် 11/1.4 KV ထရန်စဖော်များ အန္တရာယ်ကင်းရှင်းရေးဝန်းခြံများ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သတိပေးဆိုင်းဘုတ် (Danger Sign Board) များ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းကိုထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)