ဘုတ်ပြင်းမြို့၌ ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ဘုတ်ပြင်း မေ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်က ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းမျာနှင့် ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး၏ကြီးကြပ်မှု သူနာပြုကြီး ဒေါ်သန်းသန်းဝေ ဦးဆောင်၍ သူနာပြုဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ကျန်းမာရေးစစ်ဆေးကုသခြင်း၊ ဆေးဝါးများ အခမဲ့ပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဘုတ်ပြင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းအဖွဲ့များ လိုအပ်သည့်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)