ခမောက်ကြီး မေ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့(ပညာရေးအဖွဲ့ငယ်)မှ ကြီးမှူးကျင်းပသော နွေရာသီဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲကို ခမောက်ကြီး၊ အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာန၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပထမနေ့အဖြစ် စတင်ကျင်းပခဲ့သည်။
အဆိုပါ စာမေးပွဲဖြေဆိုရာ၌ ကော့သောင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်ဆရာတော်များ၊ ခမောက်ကြီးမြို့တပ်နယ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊သင်တန်းနည်းပြဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပြီး ပထမနေ့ဖြေဆိုသည့် ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ်ကို ဖြေဆိုသူ (၁၀၁)ဦးရှိကြောင်းနှင့် အဆိုပါ ယဉ်ကျေးမှုစာမေးပွဲကို မေ(၂၀)မှ (၂၂)ရက်နေ့ထိ သတ်မှတ်ဘာသာရပ်များအလိုက် (၃)ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)