နေပြည်တော် မေ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်ဝောာ်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာန ဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းက အမှာစကားပြောကြားရာတွင် နေပြည်တော်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ဌာနဆိုင်ရာလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စနစ်တကျစီမံဆောင်ရွက်ရန်၊ အင်အားပြင်း မန္တလေးငလျင်နှင့် ပတ်သက်သည့် အချက်အလက်များကို အချိန်မီပေးပို့နိုင်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေး အစီအမံများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်အောင် (ပြန်/ဆက်)