တပ်ကုန်း မေ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်နှင့် ဘုရင့်နောင်ရပ်ကွက်များအတွင်း မတ်လ ၂၈ ရက် မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ယမန်နေ့မွန်းလွဲပိုင်းက ငွေနှင့် ပစ္စည်းစုံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါရွာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူး ဒေါ်အေးချမ်းခင်ဦးဆောင်သည့် နေပြည်တော်တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ မြဝတီရပ်ကွက်တွင် ငလျင်ဘေးသင့် ပြိုပျက်အိမ်ထောင်စု ၂၁၃ စု၊ ဘုရင့်နောင်ရပ်ကွက်တွင် ငလျင်ဘေးသင့် ပြိုပျက်အိမ်ထောင်စု ၂၄၅ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ၅၀၀၀၀ ကျပ်၊ ဆန် ၁၂ ပြည်နှင့် မိုးကာ၊ ငါးသေတ္တာနှစ်ဗူး၊ မုန့်တို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်