ကွန်ဟိန်းမြို့(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ကွန်ဟိန်း မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌  ကျောင်းသား/ ကျောင်းသူများတို့နှင့်ပူးပေါင်း၍ ကလောင်စုံ ရေးသားထားသည့် လူငယ်နှင့်ယဥ်ကျေးမှုတန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး  လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။  

ထို့နောက် စာဖတ်ဝိုင်းတွင် ကျောင်းသူ မနိုင်နိုင်ကျော်ဝင်းက  လူငယ်တွေလက်ခံနေတဲ့ ယဥ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် မဖူးပွင့်သိန်းက ယနေ့လူငယ်နှင့်မြန်မာ့ယဥ်ကျေးမှု ခေါင်းစဉ်ဖြင့် လည်းကောင်း  အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများ တိုးပွားလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)