ဇမ္ဗူသီရိ မေ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် အလျင်လို RHC ၊ အောင်ဇမ္ဗူ S/C Abate campaign ဒုတိယမြောက်နေ့အဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို RHC All BHS နှင့် ပဲခူး ငRRT တို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီဝန်း၊ ဇမ္ဗူသီရိအထူးကုဆေးရုံ၊ စည်ပင်ရိပ်သာတို့တွင် သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ လင်းပြည်သိမ်းဦးစီး၍ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နေပြည်တော်ကောင်စီဝန်း၊ ဇမ္ဗူသီရိအထူးကုဆေးရုံနှင့် စည်ပင်ရိပ်သာအတွင်းရှိ ခြင်များ ခိုအောင်းနေထိုင်ပေါက်ဖွားမှု မဖြစ်စေရေး သောက်သုံးရေကန်များ၊ ဘုရာပန်းအိုးများ၊ ရေအိုး၊ သောက်သုံးရေကန်များကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နီလာ(ပြန်/ဆက်)