လွိုင်လင်ခရိုင်၊ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး

လွိုင်လင် မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက်ပိုင်းမှစ၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်၊ လဲချား၊ မိုင်းကိုင်မြို့နယ်များ၌ စပါးနှင့်ပြောင်းစိုက် တောင်သူ (၁၆၀၈ ) ဦး တို့၏ စပါးစိုက်ဧက (၁၀၃၈၈) နှင့် ပြောင်းစိုက်ဧက (၁၇၄) ဧကတို့အတွက် စပါးတစ်ဧကလျှင် ချေးငွေ (၁၅၀,၀၀၀) ကျပ်၊ ပြောင်းတစ်ဧကလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းချေးငွေ ကျပ်သိန်းပေါင်း ( ၁၅,၇၅၆) သိန်းကို ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့မေလ ၂၀ ရက်တွင် လွိုင်လင်မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စုမှ စိုက်ပျိုးတောင်သူ (၁၀၉) ဦးတို့၏ စပါး၊ ပြောင်းစိုက်ပျိုးဧက (၈၀၈) ဧကအတွက် ချေးငွေ (၁၁၈၀) သိန်းကို ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်းနှင့် စိုက်ပျိုးချိန်အမီ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း လွိုင်လင်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လွိုင်လင်မိုး