မိုင်းဖြတ် မေ ၂၀
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို မကြာမီ ပြန်လည်ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို အများပြည်သူများ ကျယ်ပြန့်စွာသိရှိစေရေးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)ကျောင်းရှေ့တွင် ဆိုက်ထူခဲ့ကြောင်း သိရသည်။
ထိုသို့ စိုက်ထူးရာတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးရုံးမှူး ဦးကြည်ထွန်း၊ အ.ထ.က(မိုင်းဖြတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်နှင့် ဆရာ၊ ဆရာမများက စုပေါင်း၍ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ပိုစတာနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ သိရှိလိုက်နာရမည့်အချက်များ၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များ စသည့်အချက်များပါဝင်သည့် ဆိုင်းဘုတ်ကို စုပေါင်းစိုက်ထူခဲ့ကြသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်မှာ ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)