ကလော မေ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကလောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅ အုပ်စုနှင့် ပင်လောင်းမြို့ကျေးရွာအုပ်စု ၆ အုပ်စုရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ် မိုးစပါးနှင့်အခြားသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်မိုင်ဇလပ်ဖြူက စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေးချေးငွေနှင့်ပတ်သက်၍ ညွှန်ကြားချက်နှင့် စည်းကမ်းချက်များအကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေများထုတ်ပေးရာတွင် ယခင်နှစ် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် မိုးစပါးနှင့် အခြားသီးနှံ စိုက်ပျိုးထုတ်ချေးငွေ (၁၀၃၆၅.၅၀) သိန်းကိုထုတ်ချေးပေးခဲ့ပြီး ယခုနှစ်၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကလောမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိကျေးရွာ အုပ်စု(၂၁) အုပ်စုကို (၁၀၅၂၀.၀၀) သိန်းထုတ်ချေးရန်လျာထားပါကြောင်း၊ ယနေ့မေလ(၂၀)ရက်နေ့တွင်၊ ကလောမြို့နယ်ရှိ ငုံးသုံကျေးရွာအုပ်စုရှိ တောင်သူ ၂၇ ဦး၊ သူရဲကျေးရွာအုပ်စုရှိတောင်သူ ၁ ဦး၊ ဝက်ဖြူရေကျေးရွာ အုပ်စု ၃ ဦး စုစုပေါင်း ၃၁ ဦးကို မိုးစပါးနှင့်အခြားသီးနှံများအတွက် (၂၆၀.၅၀) သိန်းကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသေးတဲ့ ကျေးရွာများကိုလည်း ရက်သက်မှတ်၍ အလှည့်ကျထုတ်ချေးပေးသွားမည့်ဖြစ်ကြောင်း၊ ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်မိုင်ဇလပ်ဖြူ ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)