တံတား မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် (၇) အချိန်က အခြေခံပညာအထက်တန်းကျောင်း များတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ အခြေခံ ပညာကျောင်းများတွင် ရေစည်၊ ရေအိုး၊ ရေကန်အတွင်း အဘိတ်ဆေးခတ်ခြင်း မိုးရေတင်နိုင်သည့် တာယာကွင်းများ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှုမရှိစေရေး၊ ပိုးလောက်လန်းပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခန့်စည်သူဝင်း