ကိုကိုးကျွန်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကျင်းပ

ကိုကိုးကျွန်း မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့ နံနက်က (၉) နာရီအချိန်၌ ကိုကိုးကျွန်းမြို့နယ် အနော်ရထာလမ်းနှင့် ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ လမ်းဆုံကိုကိုးကျွန်းမြို့နယ်ရဲစခန်းဘေးတွင် စိုက်ထူခဲ့ကြောင်း သိရသည်။

မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်မြေစိုက်ပိုစတာကို စိုက်ထူခြင်းဖြစ်ပြီး အသိပညာပေးမြေစိုက်ပိုစတာ စိုက်ထူရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစောနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးနိုင်၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာလိူင်နှင့် ဆရာ၊ ဆရာမများ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကျောင်းအပ်နှံရေးသီတင်းပတ်မြေစိုက်ပိုစတာများကို စိုက်ထူခဲ့ကြကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် အခြေခံပညာကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းများကို မေလ(၂၂)ရက်နေ့မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးနိုင်ထံမှ သိရသည်။

ကိုကိုးကျွန်း (ပြန်/ဆက်)