လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ စက္ကူခေါက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

လှိုင် မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ဦးစီးဌာန ကလေးစာဖတ်ခန်း၌ စက္ကူခေါက်ပြိုင်ပွဲနှင့်‌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှိုင်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်မှ ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက ကျောင်းသား/ကျောင်းသူများ တီထွင်ဖန်တီးတတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး ဉာဏ်ရည်၊ ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူတတ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လာရောက်ယှဉ်ပြိုင်ကျသော ကျောင်းသူ/ကျောင်းသားများအား အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောင်ရေး အသိပညာပေးနံရံကပ်ပိုစတာများအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)