လှိုင် မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် 33 kV သစ်တောကွန်ပျူတာ-ဂုန်လျော်ဖီဒါ 6.6 kV ဂုန်လျော်-GEM /အုတ်ကျင်းဖီဒါတို့နှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး၏ကြီးကြပ်မှုဖြင့် မြို့နယ်လျှပ်စစဌာနမှ ဝန်ထမ်းများက လှိုင်မြို့နယ်ရှိ 33 kV သစ်တောကွန်ပျူတာ-ဂုန်လျော်ဖီဒါ 6.6 kV ဂုန်လျော်-GEM /အုတ်ကျင်းဖီဒါတို့နှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခဲ့ကြပြီး မိုးရာသီတွင် လျှပ်စစ်ဓာတ်ကြိုးများ သစ်ပင်သစ်ကိုင်းများဖြင့် ထိစပ်၍ လျှပ်စစ်ယူနစ် ပျောက်ဆုံးခြင်း ၊ ရပ်ကွက်နေပြည်သူများ မိုးရာသီတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ကာ ရပ်ကွက်များသို့ သွယ်တန်းထားသော မီးကြိုးများနှင့် ထိစပ်နေသည့် သစ်ပင်သစ်ကိုင်းများအား Shut Down အချိန်တွင် ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်းသိရသည်။
ဇော်ဇော်နိုင်