လယ်ဝေးမြို့၌ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး OraVacs ပထမအကြိမ် စတင်တိုက်ကျွေး

လယ်ဝေး မေ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လယ်ဝေးမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား မိုးရာသီတွင်ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး OraVacs အား ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပထမအကြိမ် စတင်တိုက်ကျွေးခဲ့သည်။

အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးအား ပထမ၊ ဒုတိယ၊ တတိယ သုံးကြိမ်တိုက်ကျွေးမည်ဖြစ်ပြီး လယ်ဝေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ်အဖြစ် မေ ၁၉ ရက်မှ ၂၁ ရက်အထိ တိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)