မက်မန်းမြို့နယ်တွင် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မက်မန်း မေ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အောင်က အဖွင့်အမျာစကားပြောကြားပြီး သင်တန်းနည်းပြ ဆရာတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍ ကင်းထောက်သင်တန်းသား/သင်တန်းသူများအား ကင်းထောက်လည်စီးနှင့် ကင်းထောက် လက်စွဲစာအုပ်များ ပေးအပ်ခဲ့သည်။

အဆိုပါ ကင်းထောက်သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၄၀) ဦးတက်ရောက်ခဲ့ပြီး နည်းပြဆရာ (၅) ဦးတို့က စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ ၁၉ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇ‌က်ထွန်း(မက်မန်း)