မက်မန်း မေ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ခရိုင်အဆင့် အထက်တန်း၊ မြို့နယ်အဆင့် အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို မေ ၁၈ ရက်နေ့တွင် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒေါ်ခင်လေးဖြူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် အထက်တန်းအဆင့် သင်တန်းသား၊ သင်တန်းသူ(၁၅) ဦးကို နည်းပြ (၆)ဦးတို့က ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး အလယ်တန်းအဆင့် သင်တန်းသား၊ သင်တန်းသူ(၁၈)ဦးကို နည်းပြ(၅)ဦးတို့က ဆွေးနွေးပို့ချသွားမည်ဖြစ်ကာ မူလတန်းအဆင့် သင်တန်းသား၊ သင်တန်းသူ(၁၈)ဦးကို နည်းပြ(၆)ဦးတို့က ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံမှ သိရသည်။ သင်တန်းကာလမှာ မေလ ၁၈ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇက်ထွန်း(မက်မန်း)