မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကျေးသီး မေ ၁၉

မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကျေးသီးမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နောင်ဖြူ က တာဝန်ပေးအပ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်များကို စီမံကိန်းပါရည်မှန်းချက်များအတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်​ကြိုးပမ်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့​ပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူးမှ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ နှင့် မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး ဒေါ်ရင်ရင်ထွေးတို့က  ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်များကိုပေးအပ်ခဲ့ရာ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက လက်ခံရယူခဲ့ကြောင်း သိရသည်။

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ၊ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့်  ရင်းနှီးမြှုပ်နှံမှုလျာထားချက်မှာ ကျပ်သန်း (၂၀၄၄.၅၀၁) သန်း ဖြစ်ကြောင်း သိရသည်။

စိုင်းငင်း (ပြန်/ဆက်)