ဘုတ်ပြင်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ

ဘုတ်ပြင်း  မေ   ၁၉    

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က  မြို့နယ်ပညာရေးမှူးရုံး၊ မြို့မဈေးလမ်းဆုံနှင့် မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံတို့တွင် စိုက်ထူခဲ့သည်။

အဆိုပါ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းကို၊ မြို့နယ်ပညာရေးမှူး ဦးအောင်စိုးနှင့် အခြခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများက  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”  စာသားပါ ဗွီနိုင်းမြေစိုက်ပိုစတာကို စုပေါင်းစိုက်ထူခဲ့ကြ သည်။

ယခုနှစ်ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၂)ရက်နေမှ ဇွန်လ(၁)ရက် နေ့အထိ ကျောင်းအပ်နှံရေး ရက်သီတင်းပတ်အဖြစ် ကျောင်းအပ်နှံခြင်းဆောင်ရွက်ကြရမှာဖြစ်ပြီး မြန်မာ့ပညာရေးစနစ် တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့် အခွင့်အလမ်းရရှိစေရေး ရည်ရွယ်ချက်ဖြင့် ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် မြေစိုက်ပိုစတာအား  စိုက်ထူရခြင်းဖြစ် ကြောင်းသိရသည်။

 

 မြို့နယ်(ပြန်/ဆက်)