ကျေးသီး မေ ၁၉
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကို မေ(၁၉)ရက် နံနက် ၉ နာရီက ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကျေးသီးမြို့နယ်မှ ကင်းထောက်သင်တန်းသူသင်တန်းသားများ၏ “အစဥ်အသင့်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်နောင်ဖြူမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရော ဥက္ကဋ္ဌ ဒေါ်ကြည်ပြာဝေမှ ကင်းထောက်သင်တန်းသူသင်တန်းသားများအား ကင်းထောက်ပစ္စည်းများ၊ ကင်းထောက်စာအုပ်များ ပေးအပ်ခြင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဆွေမှ ကင်းထောက်စာအုပ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သင်တန်းသား ၄၀ ဦး၊ နည်းပြကြီးကြပ် ၉ ဦးဖြင့် မေလ ၁၉ ရက်နေ့ မှ ၂၁ ရက်နေ့အထိ ကင်းထောက်ဘာသာရပ်များနှင့် ပြင်ပဗဟုသုတများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းငင်း(ပြန်/ဆက်)