ဥတ္တရသီရိ မေ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် သစ်ဝင်တိုင်းကျေးရွာအတွင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝါဝါညွန့်ရွှေ ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူနေအိမ်များနှင့် စာသင်ကျောင်းဝင်းအတွင်းရှိ ခြင်များ ခိုအောင်းနေထိုင် ပေါက်ဖွားမှု မဖြစ်စေရေး သောက်သုံးရေကန်များ၊ ဘုရာပန်းအိုးများ၊ ရေအိုး၊ သောက်သုံးရေကန်များကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)