မိုင်းယောင်း၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မိုင်းယောင်း မေ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းတက်ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး zoom meeting ကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများက မြို့နယ်အတွင်း ဆောင်ရွက်နေသော ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းတက်ရောက်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရာဇီ(ပြန်/ဆက်)