ချမ်းအေးသာစံ မေ ၁၉
ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၀လမ်း ၃၂၊ ၃၃လမ်းကြား အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းရှိ မေတ္တာရိပ်ခန်းမဆောင်၌ ဗီယက်နမ်နိုင်ငံသားဆရာတော် ဦးဝိမလ ဦးဆောင်သော ဘာသာရေးအဖွဲ့သည် ငလျင်ဘေးသင့်ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၄)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ဗီယက်နမ်နိုင်ငံသားဆရာတော် ဦးဝိမလ ဦးဆောင်သော ဆရာတော်/ဆရာလေး(၁၇)ပါးနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ၊ မဟာအောင်မြေမြို့နယ်ပညာရေးမှူး တာဝန်ခံ ဦးရဲမြင့်၊ ချမ်းအေးသာစံမြို့နယ် ပညာရေးမှူး တာဝန်ခံ ဒေါ်ချောစုလွင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ၊ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ထို့နောက် ဗီယက်နမ်ဆရာတော်နှင့်အဖွဲ့မှ ငလျင်ဘေးသင့်ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးအား ကျောင်းသုံးစာရေးကိရိယာများ ဝယ်ယူရန်အတွက် ကျောင်းသားတစ်ဦးလျှင် (၃၀ဝဝဝိ/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သိရသည်။
ချမ်းမြေ့မောင်