နမ့်စန်(တ) မေ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနက ဆောင်ရွက်သော ကင်းထောက်လူငယ်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကင်းထောက်လူငယ်သင်တန်းကို နမ့်စန်မြို့ပေါ်ရှိ အခြေခံပညာကျောင်း (၆) ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၀)ဦး တက်ရောက်လျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်တို့၏ ကြီးကြပ်မှုနှင့်အတူ သင်တန်းနည်းပြ (၆)ဦးက မေလ ၁၈ ရက်နေ့ မှ ၂၀ ရက်နေ့အထိ ကင်းထောက်ဘာသာရပ်များနှင့် ပြင်ပဗဟုသုတများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)