တာမွေ မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ မေတ္တာစံအိမ်ရှိ သင်တန်းသားများနှင့် ခုနှစ်ရက်သားသမီးများ၏ စုပေါင်းအလှူအဖြစ် ယနေ့နံနက်ပိုင်းအချိန်က သန်လျင်သဘာဝတရားရိပ်သာတွင် ခိုလှုံလျက်ရှိသောသူများအတွက် လိုအပ်သောအဝတ်အထည်များ ပေးအပ်လှူဒါန်းခြင်းကို အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ လှူဒါန်းရာတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုဥက္ကဋ္ဌ ဦးစံရှိန်နှင့် အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းတို့က သန်လျင်သဘာဝတရားရိပ်သာတွင် ခိုလှုံလျက်ရှိသောသူများအတွက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ မေတ္တာစံအိမ်ရှိ သင်တန်းသားများနှင့် ခုနှစ်ရက်သားသမီးများမှ စုပေါင်းလှူဒါန်းသော အမျိုးသမီးဝတ်အင်္ကျီများ၊ အမျိုးသားဝတ်အင်္ကျီများ၊ တီရှပ်များ၊ ပုဆိုးများ၊ ဘောင်းဘီများ စသည့်အဝတ်အထည်များနှင့်အတူ အမျိူးသမီးအသုံးအဆောင်ပစ္စည်းမျိုးစုံ ပါဝင်သော အိတ် (၁၀) အိတ်အား ပေးအပ်လှူဒါန်းရာ သန်လျင်သဘာဝတရားရိပ်သာမှ ဆရာလေး ဒေါ်ရက္ခိတဉာဏီက လက်ခံရယူခဲ့သည်။
သန်လျင်သဘာဝတရားရိပ်သာ၌ ခိုလှုံလျက်ရှိသောသူများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းလိုပါက Thabarwa Live သဘာဝတရားရိပ်သာရုပ်သံမှတ်တမ်း ပေ့ခ်ျနှင့် ဆရာလေးအာသဝက္ခယဉာဏိ ၀၉-၇၅၁၇၆၅၉၆၈၊ ဆရာလေးရက္ခိတဉာဏီ ၀၉-၇၇၇၀၀၂၅၉၇၊ ဆရာလေးအမတဉာဏီ ၀၉-၇၇၇၀၄၉၈၉၄ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)