မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကင်းထောက်သင်တန်း ဖွင့်လှစ်

မိုင်းယန်း မေ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကင်းထောက်သင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကင်းထောက်သင်တန်းသား၊ သင်တန်းသူများက ကင်းထောက်ဂုဏ်ရည်သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ချယ်ရီတီက ကျောင်းသား၊ ကျောင်းသူများအား “အစဉ်သင့်”ဆိုသည့် ကင်းထောက်ဆောင်ပုဒ်နှင့်အညီ မည်သည့်အရေးပေါ်ကိစ္စတာဝန်ကိုမဆို ဖြတ်ထိုးဉာဏ်ဖြင့် လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်တတ်စေရန်၊ မိဘ၊ ဆရာ၊ ခေါင်းဆောင်တို့၏အမိန့်ကို တသွေမတိမ်း လိုက်နာတတ်စေရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကင်းထောက်သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀)ဦး တက်ရောက်သင်ကြားပြီး သင်တန်းနည်းပြ ၉ ဦးဖြင့် မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၃ ရက်ကြာ ကင်းထောက်ပညာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး