အခြေခံလူတန်းစားများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦး ကျော်သူဝင်း (ရွှေမန်း) ဦးဆောင်၍ ('ရွှေမန်း) လူမှုဘဝမြှင့်တင်ရေး ပရဟိတအဖွဲ့မှ တန်ဖိုးနည်းအဝစား(၁၀၀၀)ကျပ်တန် ထမင်းရောင်းချပေးလျက်ရှိ

လှိုင်သာယာ မေ ၁၉

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော်သူဝင်း (ဦးရွှေမန်း) ဦးဆောင်၍ 'ရွှေမန်းလူမှုဘဝ​မြှင့်တင်ရေးပရဟိတအဖွဲ့မှ တန်ဖိုးနည်းအဝစား (၁၀၀၀) ကျပ်တန် ထမင်းရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း (၁၀) နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ပဒံရပ်ကွက်၊ သမကုန်းမီးပွိုင့်အနီးတွင် ရောင်းချပေးသည်။

အဆိုပါ(၁၀၀၀)ကျပ်တန် ထမင်းရောင်းချပေးခြင်း အစီအစဥ်ကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ရွှေမန်းလူမှုဘဝမြှင့်တင်ရေးပရဟိတဥက္ကဋ္ဌ ဦးကျော်သူဝင်း(ဦးရွှေမန်း)ဦးဆောင်၍ ရုံး၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်ရက်တွင် အစိုးရဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအတွက် တစ်နေ့တာလုပ်အားခမှ အသုံးစရိတ်လျော့နည်းစေရန် ရည်ရွယ်၍ စေတနာထက်သန်စွာဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

ယင်းသို့ (၁၀၀၀) ကျပ်တန် ထမင်းရောင်းပေးခြင်းကို လှိုင်သာယာမြို့နယ်တွင် 'ရွှေမန်းလူမှုဘဝမြှင့်တင်ရေးပရဟိတအဖွဲ့က အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပြီး၊ ယခုတတိယအပတ်ရောင်းချပေးရာတွင်လည်း ပြည်သူများ ပျော်ပျော်ရွင်ရွင်နှင့် လာရောက်စားသုံးလာကြကြောင်း သိရှိရသည်။

ကျော်သန်း (ပြန်/ဆက်)