ပင်လုံမြို့၌ (၆၇)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်၏  ညအထူးတရားပွဲ(မြန်မာဘာသာ)  တတိယနေ့ ဆက်လက်ကျင်းပ

ပင်လုံ မေ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနရက္ခိတဓမ္မဗိမာန်တော်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၆၇)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်၏ ညအထူးတရားပွဲ (မြန်မာဘာသာ)ကို ယမန်နေ့ ည ၇နာရီ တွင် ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

အဆိုပါ ညအထူးတရားပွဲကို ဆရာတော် အရှင်ဥာဏဇေ(BA.MA Sri Lanka)၊ သပြေတန်းကျောင်းတိုက်၊ သပြေတန်းကျေးရွာ၊ ပဲခူးတိုင်းက “နိုးပြီးလား”တရားတော်ကို ဟောကြားချီးမြှင့်ခဲ့ပါသည်။

အဆိုပါ ညအထူးတရားပွဲသို့ လာရောက်တရားနာသည့် ပရိတ်သတ်အပေါင်းမှ ဆရာတော်ကြီးအား ဝတ္ထုအလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ညအထူးတရားပွဲကို (၁၆.၅.၂၀၂၅ ရက်နေ့မှ ၁၈.၅.၂၀၂၅ ရက်နေ့)ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြို့နယ် (ပြန်/ဆက်)