ပင်းတယ မေ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ဌာနဆိုင်ရာအဆောက်အဦများနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း၊ တအိမ်တက်/ဆင်း ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းနှင့် အသိပညာပေးခြင်းအား ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ယခုကာလ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် အိမ်အနီးပတ်ဝန်းကျင်ရှိ အိုးစုတ်၊ ခွက်စုတ်များ၊ တာယာဟောင်းများ၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ရှင်းလင်းထားကြရန်၊ ခြင်ကျားပေါက်ပွားနိုင်သည့် ပိုးလောက်လမ်းနှိမ်နင်းခြင်းလုပ်ငန်းများ အလေးထားလုပ်ဆောင်ကြရန်၊ ခြင်ပေါက်ဖွားမှုမရှိစေရေး သုံးရေ၊ ကန်ရေများအား အဘိတ်ဆေးခတ်ခြင်း၊ သတ်မှတ်ရက်များအလိုက် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ကျန်းမာရေးဌာနနှင့်အတူ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရပြီး အဆိုပါလုပ်ငန်းကို ပင်းတယမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာများသို့လည်း နည်လှည့်ကွင်းဆင်းဆောင်ရွက်သွားမည်းဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)