ဥတ္တရသီရိမြို့နယ်၌ စခန်းသွင်းသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံအားပေး

ဥတ္တရသီရိ မေ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊  အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် စခန်းသွင်းလေ့ကျင့်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ဥတ္တရခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့် အဖွဲ့ဝင်များက စိတ်အပန်းပြေစေရန်နှင့် အားပေးစကားပြောကြားခြင်းကို  ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ဥတ္တရခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားပြီး စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုနှင့် ကျောင်းအိပ်၊ ကျောင်းစား ထားရှိမှုအခြေအနေများကိုကြည့်ရှုပြီး၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ဆရာ၊ ဆရာမများ သင်ကြားမှုများကို စနစ်တကျ လေ့လာကျက်မှတ်ရေး၊ စိတ်ဓာတ်တက်ကြွစွာဖြင့် အမှတ်ကောင်းရရှိအောင် ကြိုးစားဆောင်ရွက်ရေး၊ ကျန်းမာရေးဂရုစိုက်နေထိုင်ရေး စသည်တို့ကို ပြောကြားခဲ့ပြီး ခေါက်ဆွဲခြောက်၊ အချိုရည်၊ မုန့်မျိုးစုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာပစ္စည်းများကို လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များမှ မုန့်နှင့် အချိုရည်ဘူးများကိုလည်း‌ကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)