ဒဂုံအရှေ့ မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပညာရေးမှူးရုံးက ကြီးမှူး၍ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့မှ စတင်ကာ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာ (လယ်၊ မူ) အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပရခြင်းမှာ မြို့နယ်အတွင်း (အလယ်တန်း၊ မူလတန်း) အဆင့်ရှိ ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများ တတ်ကျွမ်းနာလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ဆရာ၊ ဆရာမ စုစုပေါင်း (၁၉၇) ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ မေလ ၁၈ ရက်နေ့မှ၂၀ ရက်နေ့အထိ (၃) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
အေးမဉ္ဇူ